宋冉

“ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” ချီးမြှင့်ပွဲအခမ်းအနားကို ပြည်သူ့ ခန်းမဆောင်ကြီး၌ ကျင်းပ

(GMT+08:00)2021-06-29 13:04:17  

“ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” ချီးမြှင့်ပွဲအခမ်းအနားကို ပြည်သူ့ ခန်းမဆောင်ကြီး၌ ကျင်းပ_fororder_5

“ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” ချီးမြှင့်ပွဲအခမ်းအနားကို ယခုလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပထမဆုံးအကြိမ်အဖြစ်  “ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” ကို ချီးမြှင့်ပေးပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။

“ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” ချီးမြှင့်ပွဲအခမ်းအနားကို ပြည်သူ့ ခန်းမဆောင်ကြီး၌ ကျင်းပ_fororder_4

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ “ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” ချီးမြှင့်ပေးရေး ဆုံးဖြတ်ချက်အရ ရဲဘော် ၂၉ ဦးအား အထက်ပါ ဂုဏ်ထူး တံဆိပ်များကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

“ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” ချီးမြှင့်ပွဲအခမ်းအနားကို ပြည်သူ့ ခန်းမဆောင်ကြီး၌ ကျင်းပ_fororder_3

“ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” သည် အနီရောင်၊ ရွှေဝါရောင်၊ အဖြူရောင်ကို အဓိကအရောင်အဖြစ်ထားပြီး ပါတီတံဆိပ်၊ ငါးမြှောက်ကြယ်၊ အလံတော်၊ ကျောက်တိုက်၊ နေရောင်ခြည်၊ တောင်ကြီးမြစ်ကြီး၊ ကျက်သရေ တိမ်တန်း စသည့် ရုပ်ပုံများ ပါဝင်ကာ တရုတ်ကွန်မြူနစ်ပါတီ အလင်းရောင်ခြည် လွှမ်းမိုးရာ၌ ဆုတံဆိပ်ရရှိသူများက ပြည်သူများအား အစွမ်းကုန် အကျိုးပြုခြင်း၊ မူရင်းစိတ်မမေ့ဘဲ တာဝန်ဝတ္တရားများကို စွဲစွဲမြဲမြဲမှတ်ထားကာ အခက်အခဲများ ဖြတ်ကျော်၍ ကြိုးပမ်းအားထုတ်နေခြင်းကို အဓိပ္ပါယ် သက်ရောက်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။