辛甜

ကျက်ကျန်းပြည်နယ်သည် အတူချမ်းသာရေးစံပြဇုန် တည်ဆောက်မှုကို ထိရောက်စွာ တွန်းအားပေးနေ

(GMT+08:00)2021-06-13 15:43:02  

ကျက်ကျန်းပြည်နယ်သည် အတူချမ်းသာရေးစံပြဇုန် တည်ဆောက်မှုကို ထိရောက်စွာ တွန်းအားပေးနေ_fororder_0613-5

   မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီတို့သည် ကျက်ကျန်းပြည်နယ် အတူချမ်းသာရေးစံပြဇုန် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုး တည်ဆောက်ရေးကို ထောက်ခံခြင်း အကြံပြုချက်စာတမ်းကို တရားဝင် ထုတ်ပြန်ခဲ့ပါသည်။ ကျက်ကျန်းပြည်နယ် ပါတီကော်မတီသည် ကျက်ကျန်းပြည်နယ် အတူချမ်းသာရေးစံပြဇုန် တည်ဆောက်မှုကို ထိရောက်စွာ တွန်းအားပေးနိုင်ရန် စီမံချက်များ ချမှတ်နေပါသည်။

  ကျက်ကျန်းပြည်နယ်သည် စီးပွားရေး အရည်အသွေး မြင့်မားစွာ တိုးတက်ရေး၊ ဝင်ငွေ မျှဝေရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ အများပြည်သူ ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်ရေး၊ မြို့ပြနှင့်ကျေးလက် တစ်သားတည်း ဖွံ့ဖြိုးရေး၊ ဂေဟစနစ် တည်ဆောက်ရေး စသည့် နယ်ပယ် ၇ နယ်ပယ်၌ ဆောင်ရွက်ချက် ၅၂ ခုကို ရှေ့ပြေး စမ်းသပ် ဖေါ်ဆောင်မည်ဟု သတင်းရရှိပါသည်။