辛甜

ဂျပန် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်လှစ်တော့မည်

(GMT+08:00)2021-06-13 14:28:59  

တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်လှစ်ရန် ၆ ပတ်သာ လိုသည်။  ၁၁ ရက်နေ့က ကျင်းပခဲ့သော ဂျပန် အောက်လွှတ်တော် ကျန်းမာရေးနှင့် လူမှု အာမခံပေးရေး ကော်မတီ အစည်းအဝေးတွင် ဂျပန်အစိုးရ ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်ဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ရှီဂေရူ အိုမီက လာမည့် သီတင်းပတ်အတွင်း တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲနှင့် မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲ ဆိုင်ရာ  ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များကို စုစည်းတင်ပြမည်ဟု ပြောကြားခဲ့သည်။

တိုကျိုအိုလံပစ် စည်းရုံးရေး ကော်မတီသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းကို မလိုက်နာသော အားကစားသမားနှင့် သက်ဆိုင်သူများကို အသင့်အတင့် တင်းကျပ်သော ပြစ်ဒဏ်ပေးမည်ဟု ဖေါ်ပြပါသည်။