辛甜

အတူချမ်းသာရေးနှင့်ပတ်သက်၍ အဆင်သင့်ပြုလုပ်ထားသော ဖတ်စာအုပ် မရှိ၊ လက်တွေ့လေ့လာရာတွင် ရှေ့ကို တက်လှမ်း ရမည်သာရှိသည်

(GMT+08:00)2021-06-13 14:37:03  

အတူချမ်းသာရေးနှင့်ပတ်သက်၍ အဆင်သင့်ပြုလုပ်ထားသော ဖတ်စာအုပ် မရှိ၊ လက်တွေ့လေ့လာရာတွင် ရှေ့ကို တက်လှမ်း ရမည်သာရှိသည်_fororder_0613-4

အတူချမ်းသာရေးနှင့်ပတ်သက်၍ အဆင်သင့်ပြုလုပ်ထားသော ဖတ်စာအုပ် မရှိ၊ လက်တွေ့လေ့လာရာတွင် ရှေ့ကို တက်လှမ်း ရမည်သာရှိသည်_fororder_0613-3

မကြာခင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီတို့သည် ကျက်ကျန်းပြည်နယ် အတူချမ်းသာရေးစံပြဇုန် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုး တည်ဆောက်ရေးကို ထောက်ခံခြင်း အကြံပြုချက်စာတမ်းကို ထုတ်ပြန်ခဲ့သည်။

အတူချမ်းသာရေးသည် ဆိုရှယ်လစ်၏ မရှိမဖြစ်သော လိုအပ်ချက်ဖြစ်သကဲ့သို့ ပြည်သူလူထုများ၏ တူညီသော မျှော်လင့်ချက်လည်း ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံကို ကျင်းပပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပြည်သူများကို ဦးဆောင်ပြီး အတူချမ်းသာရေး ရည်မှန်းချက် အကောင်အထည်ဖေါ်ရန် အဆက်မပြတ်ကြိုးပမ်းအားထုတ်ပြီး အသင့်အတင့်ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည်ထောင်ရေးမှာ မွန်မြတ်သော သမိုင်းဝင် အောင်မြင်မှုများကို ရရှိကာ ဖွံ့ဖြိုးရေးအဆင့်ကာလသစ်မှာ အတူချမ်းသာရေး အကောင်အထည်ဖေါ်ရန် ခိုင်မာသော အခြေခံအုတ်မြစ်ချထားခဲ့ပါသည်။