辛甜

မြန်မာတွင် ကိုဗစ်-၁၉ ဆိုးရွားလာသောကြောင့် သီးခြား ကွာရန်တင်းစင်တာ ၃၇ ခု ထားရှိရန် စီစဉ်

(GMT+08:00)2021-06-13 14:30:42  

မြန်မာတွင် ကိုဗစ်-၁၉ ဆိုးရွားလာသောကြောင့် သီးခြား ကွာရန်တင်းစင်တာ ၃၇ ခု ထားရှိရန် စီစဉ်_fororder_0613-2

 မြန်မာပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဆိုးရွားလာသောကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် တစ်ပြည်လုံးတွင် သီးခြား ကွာရန်တင်းစင်တာ ၃၇ ခု ထားရှိရန် စီစဉ်ထားကြောင်း၊ ၄င်းအနက် ၂၂ခုကို ရန်ကုန်မြို့တွင် ထားရှိမည်ဖြစ်ကြောင်း ဇွန်လ ၁၂ရက်နေ့က မီဒီယာနှင့်တွေ့ဆုံရာတွင် ပြောခဲ့ပါသည်။

၂၀၂၀ပြည့်နှစ်တွင် မြန်မာနိုင်င်သည် အဓိကမြို့များရှိ ကျောင်း၊ ပြတိုက်၊ အားကစားကွင်းများတွင် ယာယီ သီးခြား ကွာရန်တင်းစင်တာ တစ်ထောင်ကျော်ကို ထားရှိခဲ့သော်လည်း ကိုဗစ်-၁၉ အတည်ပြုရောဂါသည်ဦးရေ လျော့နည်းလာသည်နှင့်အမျှ တဖြည်းဖြည်း ဖျက်သိမ်းခဲ့ပါသည်။