辛甜

စင်္ကာပူ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွင် တုံ့ပြန်မှုဆိုး ဖြစ်ပေါ်မှုနှုန်း ၀.၁၃ ရာခိုင်နှုန်း ရှိ

(GMT+08:00)2021-06-13 14:31:38  

စင်္ကာပူ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွင် တုံ့ပြန်မှုဆိုး ဖြစ်ပေါ်မှုနှုန်း ၀.၁၃ ရာခိုင်နှုန်း ရှိ_fororder_0613-1

စင်္ကာပူ ကျန်းမာရေး သိပ္ပံပညာ အေဂျင်စီက ဇွန်လ ၁၂ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး၏ လုံခြုံမှု တိုင်းတာကြပ်မတ်ရေး ရလဒ်ကို ဒုတိယအကြိမ် ထုတ်ပြန်ခဲ့ပါသည်။ ယင်းအစီရင်ခံစာတွင် စင်္ကာပူသည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၀ရက်နေ့မှ ယခုနှစ် မေလ ၂၃ ရက်နေ့အထိ လူ ၃,၆၈၀,၃၆၈ ဦး ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပြီးပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီး တုံ့ပြန်မှုဆိုး ဖြစ်ပေါ်မှု ၄၇၀၄ မှုရှိပြီး ၀.၁၃ရာခိုင်နှုန်းရှိကြောင်း၊ တုံ့ပြန်မှုဆိုး ဖြစ်ပေါ်သူများအနက် ၆၈ ရာခိုင်နှုန်းက အသက် ၆၀အောက် ဖြစ်ကြောင်း ဖော်ပြပါသည်။