马宁

ရှီကျင့်ဖိန်သည် ချင်းဟိုင်သို့ လေ့လာကြည့်ရှု

(GMT+08:00)2021-06-07 21:53:04  

  တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုလ ၇ရက်နေ့က ချင်းဟိုင်ပြည်နယ်သို့ သွားရောက် လေ့လာကြည့်ရှုကြောင်း၊ ၇ရက်နေ့ ညနေပိုင်းက ရှီးနင်မြို့ရှိ ချင်းဟိုင် ရှင့်ယွမ်-ကော်ဇော ကုမ္ပဏီ အုပ်စုသို့ လာရောက်ပြီး ၄င်းကုမ္ပဏီ၏ ဒေသခံ ကုန်ကြမ်း အရင်းအမြစ် အားသာချက်ကို အသုံးပြုခြင်း၊ ဒီဇိုင်းဆွဲခြင်း ကြံဆချက်ကို ဆန်းသစ်တီထွင်ခြင်း၊ ကုန်ပစ္စည်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ခြင်း၊ ဒေသခံ ပြည်သူလူထုများကို ဦးဆောင်ကာ အလုပ်အကိုင်နေရာ ချထားခြင်းနှင့် ဝင်ငွေ တိုးပွားစေခြင်းစသည့် အကြောင်းများကို သိရှိရန် လေ့လာခဲ့ကြောင်း၊ ထို့နောက် ရှီကျင့်ဖိန်သည် ဝင်ဟွေ့လမ်း ဝင်ထင်ရပ်ကွက်သို့ လာရောက်ပြီး ၄င်းလူနေရပ်ကွက်၏ အောက်ခြေအဆင့် ပါတီ ထူထောင်ရေး၊ အောက်ခြေအဆင့် စီမံခန့်ခွဲရေး ကောင်းမွန်ပြည့်စုံစေခြင်းနှင့် တိုင်းရင်းသား လူမျိုးစု စည်းလုံးညီညွတ်ရေးနှင့် တိုးတက်ရေး တွန်းအားပေးမှု စသည့် အကြောင်းများကို သိရှိရန် လေ့လာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်သည် ချင်းဟိုင်သို့ လေ့လာကြည့်ရှု_fororder_1

ရှီကျင့်ဖိန်သည် ချင်းဟိုင်သို့ လေ့လာကြည့်ရှု_fororder_2