ဂျပန်က နျူကလီးယား ရေညစ်ကို ပင်လယ်ထဲသို့ စွန့်လွှတ်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက၊ ဂျပန်က ကိုယ်ကျိုးစီးပွားအတွက် ပြုလုပ်တဲ့ အန္တရာယ်ကြီးတဲ့ ဆုံးဖြတ်ချက်ဟာ နောင်လာနောက်သားများနဲ့ နိုင်ငံတကာ ဂေဟစနစ် ပတ်ဝန်းကျင်ကို ထိခိုက်မှာ ဖြစ်ကြောင်း၊ ဂျပန်က သိရက်သားနဲ့ မသိချင် ယောင်ဆောင်နေရင် နိုင်ငံတကာ မိသားစုကြီးက ခွင့်ပြုမှာ မဟုတ်ကြောင်း ဒီလ ၂၅ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကျောက်လိကျန်းက၊ ဂျပန် အနေနဲ့ ဖူကူရှီမာကျွန်း နျူကလီးယား ရေညစ် ပြဿနာ အပေါ် ထမ်းဆောင်သင့်တဲ့ တာဝန်ဝတ္တရားကို ရှင်းရှင်းလင်းလင်း နားလည် သိရှိသင့်ပြီး သက်ဆိုင်ရာဘက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ တိုင်ပင်ဆွေးနွေးဖို့ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိသင့်ကြောင်း၊ ခွင့်ပြုချက်မရဘဲနဲ့ နျူကလီးယား ရေညစ်ကို ပင်လယ်ထဲသို့ မစွန့်လွှတ်ရကြောင်း ပြောကြားတယ်လို့ China Media Groupမှ သတင်းအရ သိရပါတယ်။