辛甜

နိုင်ငံတကာ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးစနစ် ပိုမို ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ပြီး စွမ်းရည် ငါးရပ်ကို တိုးမြှင့်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2021-05-21 21:53:20  

နိုင်ငံတကာ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးစနစ် ပိုမို ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ပြီး စွမ်းရည် ငါးရပ်ကို တိုးမြှင့်ရမည်ဟု ရှီကျင့်ဖိန် ဆို_fororder_0522

  မေလ ၂၁ ရက်နေ့ညက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်း၌ ဗီဒီယို အသွင်ပုံစံဖြင့် ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေးသို့  တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က ယခုအကြိမ် ကူးစက်ရောဂါသည် နိုင်ငံတကာ ကျန်းမာရေး စီမံခန့်ခွဲရေးစနစ်အပေါ် ဘက်စုံ စမ်းသပ်မှု တစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတကာ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးစနစ် ပိုမို ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကြိုတင် တိုင်းတာ သတိပေးရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး စွမ်းရည်၊ ကြီးမားသော ကူးစက်ရောဂါ ကုသ ကယ်ဆယ်ရေး စွမ်းရည်၊ အရေးပေါ် ပစ္စည်းများ သိုလှောင်ရေး၊ ထောက်ပံ့ရေးစွမ်းရည်၊ သတင်းအတုကို တိုက်ဖျက်ရေးစွမ်းရည်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ခံပေးရေးစွမ်းရည်များကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။