朱蕾

ရုရှားKazan မြို့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူများအတွက် တရုတ်က ဝမ်းနည်း ကြေကွဲကြောင်း ဖေါ်ပြ

(GMT+08:00)2021-05-13 16:47:33  

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယဉ်က ရုရှားနိုင်ငံ Kazanမြို့တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးSergey Lavrovထံသို့ ၀မ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် မည်သည့်အသွင်ပုံစံ ဖြစ်သည့် အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်ကြောင်း ယခုလ ၁၂ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

  ယခုလ ၁၁ ရက်နေ့က ရုရှားKazan မြို့ အမှတ် ၁၇၅ အလယ်တန်းကျောင်းတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် လူ ၁၁ ဦးသေဆုံးပြီး၊ ၂၁ ဦး ကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းအရသိရသည်။