朱蕾

နိုင်ငံခြားတပ်ဖွဲ့များအနေနှင့် အာဖဂန်မှ တာဝန်သိစွာဖြင့် စနစ်တကျ ရုပ်သိမ်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2021-05-13 16:48:29  

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယဉ်က နိုင်ငံခြားတပ်ဖွဲ့များ အနေနှင့် အာဖဂန်မှ တာဝန်သိစွာဖြင့် စနစ်တကျ ရုပ်သိမ်းသင့်ကြောင်း၊ အာဖဂန်ပြည်တွင်း ကျေအေးရေးဖြစ်စဉ်အပေါ် ထိခိုက်မှုနှင့် ဆိုးရွားသော နှောင့်ယှက်မှု မပေးရန် ကမန်းကတန်း ဆောင်ရွက်မှုများ မရှိသင့်ကြောင်း တရုတ်ပြည်က ယူဆသည်ဟု ယခုလ ၁၂ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

  ထိုနေ့နံနက်ပိုင်းက တရုတ်၊ အလယ်အာရှ ၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများသည် အာဖဂန်နိုင်ငံ လက်ရှိအခြေအနေနှင့် အိမ်နီးချင်းနိုင်ငံများမှ ပါဝင်သောအခန်းကဏ္ဍနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ တိုင်ပင်ဆွေးနွေးသည့်အပြင်၊ (အာဖဂန်ပြဿနာရေးရာ ပူးတွဲကြေညာချက်)ကို ထုတ်ပြန်ပြီး၊ အရေးကြီးသဘောတူညီမှုလည်း ရရှိခဲ့ကြသည်ဟု သတင်းအရသိရသည်။