朱蕾

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အရှေ့ဂျေရုဆလင်အခြေအနေအပေါ် အမြန်ဆုံး ဆောင်ရွက်ရန် တွန်းအားပေးမည်ဟု တရုတ်ဆို

(GMT+08:00)2021-05-13 16:49:08  

  ယခုလ ၁၂ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မေလအလှည့်ကျသဘာပတိနိုင်ငံအနေနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအား အရှေ့ဂျေရုဆလင် အခြေအနေအပေါ် အမြန်ဆုံး ဆောင်ရွက်ရန် တရုတ်သည် ဆက်လက် အစွမ်းကုန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။