朱蕾

တရုတ်ကို ထပ်ခါတလဲလဲ ထိခိုက်ရန် မလုပ်သင့်

(GMT+08:00)2021-05-13 16:49:46  

 

တရုတ်ကို ထပ်ခါတလဲလဲ ထိခိုက်ရန် မလုပ်သင့်_fororder_微信图片_20210513162648

 လွန်ခဲ့သည့်တစ်လအတွင်း သြစတြေးလျနိုင်ငံရေးသမားများသည် ထိုင်ဝမ် ပြဿနာကို အသုံးပြုပြီး တရုတ်နိုင်ငံနှင့် တိုက်ပွဲဆင်နွှဲရန် လှုံ့ဆော် ဝါဒဖြန့်ခဲ့ကြပါသည်။ ဧပြီလ ၂၅ရက်နေ့တွင် သြစတြေးလျကာကွယ်ရေးဝန်ကြီးPeter Dutton က ထိုင်ဝမ် ပြဿနာကြောင့် တရုတ်ပြည်မကြီးနှင့် တိုက်ပွဲ ဆင်နွှဲနိုင်ဖွယ်ရာရှိကြောင်း ပြောကြား ခဲ့ပါသည်။ ဧပြီလ၂၇ရက်နေ့က သြစတြေးလျ ပြည်ထဲရေးဝန်ကြီးဌာန လုံခြုံရေးဆိုင်ရာ အတွင်းရေးမှူးချုပ် Mike Pezzulloက တိုက်စည် တီးခတ်နေပြီဖြစ်သဖြင့် သြစတြေးလျနိုင်ငံအနေနှင့် တပ်ဖွဲ့စေလွှတ်ရန် ပြင်ဆင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ မေလ ၆ရက်နေ့က ပြည်ထောင်စု သြစတြေးလျ အထက်လွှတ်တော်အမတ်Rex Patrick က သတင်းထောက်နှင့် တွေ့ဆုံရာတွင် သြစတြေးလျနှင့် တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံမှုတင်းမာလာသဖြင့် သြစတြေးလျနိုင်ငံအနေဖြင့် ရေငုပ်သင်္ဘော မလုံလောက်ခြင်း ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါသည်။

  ယင်းနှင့်ပတ်သက်၍ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းRobert Bob Carrက သြစတြေးလျနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံမှုတင်းမာလာနေပြီး တစ်ကမ္ဘာလုံးက အကြံအိုက်နေကြောင်း ပြောကြားခဲ့ပါသည်။

  သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းGareth Evans ၊ သြစတြေးလျအမျိုးသား တက္ကသိုလ် မဟာဗျူဟာသုတေသနဆိုင်ရာ ပါမောက္ခHugh White တို့က တိုက်စည် တီးခတ်ခြင်း ဟူသော ပြောဆိုချက်ကို မယုံကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် တိုက်ပွဲဆင်နွှဲရန် ထပ်ခါတလဲလဲ လှုံ့ဆော်လျှင် တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံအကြား တိုက်ပွဲဖြစ်ပွားရန် အန္တရာယ် ပိုမိုတိုးပွားလာစေမည် ဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံသည် ယင်းကဲ့သို့ နစ်နာဆုံးရှုံးမှုကို မခံနိုင်ကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် လက်တွေ့အခြေအနေကို ရဲရဲရင့်ရင့် ရင်ဆိုင်ပြီး တရုတ်နိုင်ငံအပေါ် ကျင့်သုံးနေသောမူဝါဒများကို ပြန်လည်သုံးသပ်ရန် လိုကြောင်း ပြောကြားခဲ့ကြပါသည်။