朱蕾

အမေရိကန်မီဒီယာများသည် စစ်မှန်သော တရုတ်ပြည်နှင့်ပတ်သက်၍ မိမိ၏ ပြောကြားချက်ကို ခွင့်မပြုကြောင်း တရုတ်ပြည်သို့ အကြိမ် ၈၀ ရောက်ဖူးသည့် အမေရိကန် ပုဂ္ဂိုလ် တစ်ဦးဆို

(GMT+08:00)2021-05-13 16:52:16  

  

အမေရိကန်မီဒီယာများသည် စစ်မှန်သော တရုတ်ပြည်နှင့်ပတ်သက်၍ မိမိ၏ ပြောကြားချက်ကို ခွင့်မပြုကြောင်း တရုတ်ပြည်သို့ အကြိမ် ၈၀ ရောက်ဖူးသည့် အမေရိကန် ပုဂ္ဂိုလ် တစ်ဦးဆို_fororder_微信图片_20210513165112

အမေရိကန်မီဒီယာများသည် စစ်မှန်သော တရုတ်ပြည်နှင့်ပတ်သက်၍ မိမိ၏ ပြောကြားချက်ကို ခွင့်မပြုကြောင်း တရုတ်ပြည်သို့ အကြိမ် ၈၀ ရောက်ဖူးသည့် အမေရိကန် ပုဂ္ဂိုလ် တစ်ဦးဆို_fororder_微信图片_20210513165118

အမေရိကန် MacKenzie ကုမ္ပဏီမှ အငြိမ်းစားယူခဲ့သော ဒါရိုက်တာများအဖွဲ့ဝင် Peter Walkerက Beijing Reviewမှ အင်တာဗျူးကို လက်ခံရာတွင် အမေရိကန် အစိုးရသည် တရုတ်ပြည်၌တစ်ဦးချင်း လွတ်လပ်မှု ရှိသလားဟု အပြစ်တင်သော လေသံဖြင့် မေးခွန်းထုတ်မေးရာတွင် တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲမှုကြောင့် ပြည်သူများ၏ အလုပ်နှင့် နေထိုင်မှု အရည်အသွေး တိုးမြင့်ကောင်းမွန် လာခြင်းကို လုံးဝ လျစ်လျူရှုခြင်း ဖြစ်ကြောင်း ပြောကြားသည်။

  လွန်ခဲ့သည့် ၁၅နှစ် အတွင်း စနေနေ့တိုင်းတွင် Peter Walkerသည် တရုတ်ပြည်သို့ တစ်ကြိမ် လာရောက်လေ့ရှိပြီး တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကို အကဲခတ်ကာ တရုတ် ပုံစံ၏ အတွင်းပိုင်း လော့ဂျစ်ကို သိရှိနားလည်ကြောင်း၊ ၄င်းသည် တရုတ်ပြည်နှင့် ပတ်သက်၍ အနောက်နိုင်ငံများမှ မီဒီယာများ၏ သတင်းထုတ်ပြန်ချက်နှင့် ဝေဖန်သုံးသပ်ချက်များကို မျက်ခြည်မပြတ် အာရုံစိုက်ကြောင်း၊ ၄င်းက တရုတ်နှင့် အမေရိကန် အကြား အပြန်အလှန် အထင်အမြင် လွဲမှားမှု ရှိသည့် အဓိကအကြောင်းရင်းမှာ အမေရိကန် အနေနှင့် အနောက်တိုင်းနိုင်ငံများ၏ ရှုထောင့်သက်သက်မှနေ တရုတ်ပြည်ကို အကဲဖြတ်သုံးသပ်ခြင်းကြောင့်နှင့် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို လုံးဝ လျစ်လျူရှုခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

  ၂၀၁၉ခုနှစ်က Peter Walker ရေးသားသည့်“Powerful, Different, Equal”စာအုပ်ကို အမေရိကန်တွင် ထုတ်ဝေခဲ့ကြောင်း သိရသည်။ ၄င်းက မိမိသည် စစ်မှန်သော တရုတ်ပြည်ကို အမေရိကန်ပြည်သူများအား ပြောပြရန် တာဝန်ဝတ္တရားရှိသည်ဟု ယူဆကြောင်း ပြောကြားသည်။

  သို့သော် New York Times၊ Wall Street Journalနှင့် Washington Post အပါအဝင် အမေရိကန် အဓိက မီဒီယာများသည် Peter Walker၏ ဆောင်းပါးနှင့် ထင်မြင်ယူဆချက်များကို မထုတ်ပြန် လိုကြောင်း သိရသည်။

  Peter Walkerက တရုတ်နိုင်ငံသား ၂၆သန်းခန့်သည် အမေရိကန်သို့ ရောက်ရှိခဲ့ဖူးကြောင်း၊ သို့သော် တရုတ်ပြည်သို့ ရောက်ရှိခဲ့ဖူးသော အမေရိကန် နိုင်ငံသား ဦးရေမှာ ၁သန်းသာ ရှိကြောင်း၊ တရုတ်ပြည်၏ သမိုင်းနှင့် ယဉ်ကျေးမှုအပေါ် အမေရိကန် ပြည်သူများ၏ သိရှိနားလည်မှု အလွန် နည်းပါးကြောင်း၊ အမေရိကန် အထက်လွှာတောင် တရုတ်နှင့် တရုတ်ပြည်၏ စီမံအုပ်ချုပ်ရေး ပုံစံအပေါ် လုံးဝ မသိကြောင်း၊ မသိနားမလည်ခြင်းကြောင့် အထင်အမြင် လွဲမှားမှု ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားသည်။