朱蕾

လီခေ့ချန်သည် နိုင်ငံတော်ကောင်စီ အမြဲတမ်းအစည်းအဝေးကို ဦးစီးကျင်းပ

(GMT+08:00)2021-05-13 16:50:24  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် မေလ ၁၂ရက်နေ့က နိုင်ငံတော်ကောင်စီ အမြဲတမ်းအစည်းအဝေးကို ဦးစီးကျင်းပခဲ့ရာ၊ ဝန်ထုပ်ဝန်ပိုးလျှော့ချရေး၊ အလုပ်အကိုင်နေရာ တည်ငြိမ်စေရေး၊ အလုပ်အကိုင်နေရာ တိုးချဲ့ချထားရေး စသော နိုင်ငံရေးမူဝါဒအချို့၏ သက်တမ်းကို ယခုနှစ် နှစ်ကုန်အထိ တိုးမြှင့်ရန် ဆုံးဖြတ်ပြီး အလုပ်အကိုင်နေရာ ပျော့ပျောင်းစွာ ချထားရေး တစ်ဆင့်တိုး ထောက်ခံရန် ဆောင်ရွက်ချက်များကို ချမှတ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါအခြေအနေ၏ထိခိုက်မှုကို ဆက်တိုက်ခံနေရသော လုပ်ငန်းနှင့်ကုမ္ပဏီများအား ငွေကြေးအထောက်အပံ့များ အားဖြည့်ဆောင်ရွက်ရန် စီစဉ်ပေးခဲ့ကြောင်း၊ “တည်ဆောက်ရေးလုပ်ငန်း အစီအစဉ်များ မြေငလျင် ခုခံရေးဆိုင်ရာ စီမံခန့်ခွဲရေး စည်းကမ်း(မူကြမ်း)”ကို အတည်ပြုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။