朱蕾

အမေရိကန်ပြည်တွင်းပြည်ပတွင် ပြုလုပ်သည့် ဇီဝဗေဒကို စစ်ပုံသွင်းခြင်း လှုပ်ရှားမှုများနှင့်ပတ်သက်၍ ဘက်စုံ ရှင်းလင်းရန် တရုတ်ထပ်မံ တိုက်တွန်း

(GMT+08:00)2021-05-13 16:46:53  

  အမေရိကန်သည် ပြည်တွင်းပြည်ပတွင် ပြုလုပ်သည့် ဇီဝဗေဒကို စစ်ပုံသွင်းခြင်း လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဟုတ်တိုင်းမှန်ရာ အတိုင်း ဘက်စုံရှင်းလင်းရန်နှင့် ၄င်း၏ ဇီဝဗေဒ ဓာတ်ခွဲစခန်း ဆောက်လုပ်ခြင်းနှင့် သက်ဆိုင်ရာ လှုပ်ရှားမှုများကို ပွင့်လင်းမှု၊ လုံခြုံမှုနှင့် တရားဝင်မှု ရှိစေရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ယမန်နေ့ ၁၂ ရက်နေ့က ကျင်းပခဲ့သောပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထပ်မံတိုက်တွန်းလိုက်သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

  ဟွာချွင်ယဉ်က ဇီဝစစ်လက်နက် ပိတ်ပင်ရေးဆိုင်ရာ စစ်ဆေးရေးစနစ် ထားရှိခြင်းသည် နိုင်ငံတကာမိသားစုကြီး၏ သဘောတူညီမှုဖြစ်ပြီး သက်ဆိုင်ရာများ၏ အလေးထားချက်ကို ထောက်ထားရန်နှင့် အပြန်အလှန်ယုံကြည်မှုထားရှိရန်အတွက် အထိရောက်ဆုံးသော နည်းလမ်းပင်ဖြစ်ကြောင်း၊ အမေရိကန်သည် သက်ဆိုင်ရာ ဆွေးနွေးပွဲ ပြန်လည်ပြုလုပ်ရန် တားဆီးပိတ်ပင်ရေးလုပ်ရပ်များကို ရပ်စဲရန် တရုတ်ပြည်က ထပ်မံတိုက်တွန်းကြောင်း ဖော်ပြပါသည်။