张晓宁

တစ်ကမ္ဘာလုံးက တရုတ်၏အကူအညီကို တောင်းဆိုသည်ဟု အိန္ဒိယမီဒီယာဆို

(GMT+08:00)2021-05-09 14:39:28  

ယခုလ ၇ရက်နေ့က အိန္ဒိယThe Printသတင်းဝက်ဘဆိုက်တွင် အိန္ဒိယနှင့် အမေရိကန် အခက်အခဲများစွာကြုံတွေ့သဖြင့် ကမ္ဘာက တရုတ်ကာကွယ်ဆေးကို ပိုမိုမှီခိုအားထားနေရကြောင်း၊ ဆက်လက်၍ တရုတ်ကာကွယ်ဆေးကို COVAXဝယ်ယူခြင်းအမည်စာရင်းတွင် ထည့်သွင်းပြီး အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ပံ့ပေးအပ်ပါက နိုင်ငံတကာတွင် တရုတ်ကာကွယ်ဆေး အပေါ် လိုအပ်မှု တိုးလာမည်ဖြစ်ကြောင်း၊ ကိုဗစ်၁၉ကပ်ရောဂါ ဆိုးရွားစွာ ကူးစက်ပြန့်ပွားမှုသည်  အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးထောက်ပံ့နိုင်စွမ်းကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း၊ ပြီးခဲ့သော ၃၊၄ပတ်တွင် နိုင်ငံကြီးအချို့သည် ပိုမိုများပြားသော တရုတ်ကာကွယ်ဆေးကို ဝယ်ယူရန် ကြိုးစားနေကြောင်း ရေးသားဖော်ပြပါသည်။

တစ်ကမ္ဘာလုံးက တရုတ်၏အကူအညီကို တောင်းဆိုသည်ဟု အိန္ဒိယမီဒီယာဆို_fororder_yin1

တစ်ကမ္ဘာလုံးက တရုတ်၏အကူအညီကို တောင်းဆိုသည်ဟု အိန္ဒိယမီဒီယာဆို_fororder_yin2