马宁

ရှီကျင့်ဖိန်နှင့် မိခင်၏ ချိန်းဆိုချက်များ

(GMT+08:00)2021-05-08 20:10:20  

ရှီကျင့်ဖိန်နှင့် မိခင်၏ ချိန်းဆိုချက်များ_fororder_vip1

  ရှီကျင့်ဖိန်၏ မိခင် ချီရှင်းသည် ဂျပန် ကျူးကျော်မှု ခုခံရေး စစ်ပွဲ အစအဦးကာလတွင် တော်လှန်ရေး တိုက်ပွဲထဲ ခြေစုံပစ်ဝင်ပြီး တရုတ် ကွန်မြူနစ်ပါတီတွင် ပါဝင်ခဲ့သည်။ မိခင်သည် ဝစီကံဖြင့်၎င်း၊ ကာယကံဖြင့်၎င်း သွန်သင်ပညာပေးခြင်းဖြင့် ရှီကျင့်ဖိန် အတွက် စံနမူနာကို စိုက်ထူခဲ့သည်။

ရှီကျင့်ဖိန်နှင့် မိခင်၏ ချိန်းဆိုချက်များ_fororder_vip2

  ရှီကျင့်ဖိန်နှင့် မိခင် အကြား သဘောတူညီချက်နှင့် ချိန်းဆိုချက်များရှိသည်။ ပထမအချက်က ပါတီ၊ နိုင်ငံနှင့် ပြည်သူများ အပေါ် ခြွင်းချက်လုံးဝမရှိဘဲ ရိုးဖြောင့်ဖြူစင်လှသည့် စိတ်သဘော ထားရှိခြင်း ဖြစ်သည်။ ဒုတိယ အချက်ကတော့ ဖြူစင်သန့်ရှင်းစွာ လူလုပ်ခြင်း၊ အလုပ်လုပ်ခြင်းနှင့် အစိုးရ အရာရှိ တာဝန်ကို ပွင့်လင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သည်။ တတိယ အချက်က ပြည်သူ့ကို ထိပ်ဆုံးနေရာတွင် ထားရှိပြီး ကွန်မြူနစ်ပါတီဝင် တစ်ဦး အနေနှင့် ကိုယ်ကျိုးမဖက်ခြင်းနှင့် ပေးလှူခြင်း စိတ်ဓါတ်ကို စွဲကိုင်ထားခြင်း ဖြစ်သည်။

ရှီကျင့်ဖိန်နှင့် မိခင်၏ ချိန်းဆိုချက်များ_fororder_vip3