ကိုဗစ်၁၉ရောဂါ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးဝင်ရောက်မှုကာကွယ်ရန် ၂၅ရက်နေ့မှစ၍ အိန္ဒိယ၊ ပါကစ္စတန်နှင့် အကြား ပျံသန်းသောလေကြောင်းလိုင်းအားလုံးကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ယခုလ ၂၄ရက်နေ့က အီရမ်မြို့ပြလေကြောင်းဌာနက ထုန်ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
အီရမ်သမ္မတလိုဟာနီက နိုင်ငံတော် ကပ်ရောဂါကာကွယ်ရေး ကွပ်ကဲမှုဌာန အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ အိန္ဒိယတွင် တွေ့ရှိသော ကိုဗစ်၁၉ကပ်ရောဂါဗိုင်းရပ်စ်ပိုးသည် ဗြိတိန်နှင့် ဘရဇီးတွင် တွေ့ရှိခဲ့သော ဗီဇဗိုင်းရပ်စ်ပိုးထက် အန္ဒရာယ်ပိုရှိကြောင်း၊ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးဝင်ရောက်မှုကာကွယ်ရန် အီရန်အရှေ့ပိုင်းပြည်နယ်များသည် နယ်စပ်ဒေသစီမံထိန်းချုပ်မှုကို မြှင့်တင်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။