ယခုလ ၁၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ကြီးလက်ထောက် ဝူကျန်းဟောက်သည် တရုတ်နိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးTARUMI အား ဆင့်ခေါ်ခဲ့ပြီး ပင်လယ်ထဲသို့ စွန့်ပစ်ခြင်း နည်းလမ်းဖြင့် ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ ရေညစ်များကို ကိုင်တွယ်ဖြေရှင်းရန် ဂျပန် အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တည်ကြည်လေးနက်စွာ အရေးဆိုခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။
ဝူကျန်းဟောက်က ဂျပန်အနေနှင့် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာ ပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး နိုင်ငံတကာ အများပြည်သူ့ ကျန်းမာရေး၊ လုံခြုံရေးနှင့် အိမ်နီးချင်းနိုင်ငံများမှ ပြည်သူတို့နှင့် တိုက်ရိုက်သက်ဆိုင်သော လုံခြုံမှုနှင့် အကျိုးစီးပွားကို မငဲ့ကွက်ကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတကာ တရားဥပဒေနှင့် နိုင်ငံတကာစည်းကမ်းများကို ဖောက်ဖျက်သည်ဟု သံသယရှိပြီး ခေတ်သစ် ယဉ်ကျေးမှု ရှိသောနိုင်ငံများ၏ အပြုအမူ မဟုတ်ကြောင်း၊ တရုတ်ပြည် အနေနှင့် ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်မိပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟုသတင်းအရသိရသည်။