马宁

တစ်ကမ္ဘာလုံးသို့ ဟူပေပြည်နယ် အထူးမိတ်ဆက်ပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပ

(GMT+08:00)2021-04-13 14:38:02  

  ပြန်လည်ရှင်သန်လာသော သူရဲကောင်းဟူပေ ခေါင်းစဉ်ဖြင့် တစ်ကမ္ဘာလုံးသို့ ဟူပေပြည်နယ် အထူးမိတ်ဆက်ပွဲကို ဧပြီလ ၁၂ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန Lantingတွင် ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၅၀၀ ခန့် မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

  တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ က ရဲဘော်ရှီကျင့်ဖိန်ကို အမြုတေအဖြစ်ထားသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှုကြောင့်၊ တစ်နိုင်ငံလုံး ပြည်သူများ၏ ထောက်ခံမှုကြောင့် ဟူပေပြည်နယ် ဝူဟန့်မြို့သူမြို့သားများသည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ကိုယ်ကျိုးစွန့် သကဲ့သို့ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေး အတွက်လည်း အကျိုးပြုစွမ်းဆောင်ခဲ့ကြောင်း၊ ဟူပေပြည်နယ်၏ ကိုဗစ်-၁၉ရောဂါတိုက်ဖျက်မှုသည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ရောဂါတိုက်ဖျက်မှု၏ ရုပ်ပုံငယ်ဖြစ်ပြီး တရုတ်စိတ်ဓာတ်၊ တရုတ်အင်အားကို ပြသနိုင်ကြောင်း၊ ကပ်ရောဂါကို ကျော်လွှားပြီးနောက် ဟူပေပြည်နယ်သည် ပြန်လည်ရှင်သန်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

  ဆက်လက်၍ ၄င်းက တာဝန်ယူတတ်သောနိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ရောဂါကို ဆုံးခန်းတိုင်အောင် တိုက်ဖျက်ရန်အတွက်၊ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရန်အတွက်၊ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရန်အတွက် နိုင်ငံအသီးသီးနှင့် လက်တွဲကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။