马宁

ယူနန် ရွှေလီမြို့ရှိ ယာယီဆေးရုံ ဖွင့်လှစ်တော့မည်

(GMT+08:00)2021-04-13 14:36:30  

  ယူနန်ပြည်နယ် ရွှေလီမြို့ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း ကွပ်ကဲမှု ဌာနမှ သတင်းအရ ရွှေလီမြို့ရှိ ယာယီဆေးရုံသည် အဆင်သင့် ဖြစ်နေပြီဖြစ်ကာ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြပါသည်။

  ဧပြီလ ၆ ရက်နေ့မှစ၍ ယင်းယာယီဆေးရုံတွင် စက်ကိရိယာများ တပ်ဆင်ခြင်းနှင့် သက်ဆိုင်ရာလေ့ကျင့်ရေးလုပ်ငန်းကို လုပ်ဆောင်ရန် ဝန်ထမ်း ၉၉ဦး ထားရှိပြီဖြစ်၍ မကြာမီတွင် ဆေးရုံဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။