马宁

တရုတ်မှ ကူညီထောက်ပံ့သည့် ကိုဗစ်၁၉ ကာကွယ်ဆေး ဆော်လမွန်ကျွန်းစုသို့ ရောက်ရှိ

(GMT+08:00)2021-04-13 14:37:21  

  ယခုလ ၁၂ ရက်နေ့က တရုတ်အစိုးရမှ ဆော်လမွန်ကျွန်းစုသို့ ကူညီထောက်ပံ့သည့် ကိုဗစ်၁၉ကာကွယ်ဆေး ပေးအပ်မှုအခမ်းအနားကို ဆော်လမွန်ကျွန်းစု၊ ဟိုနီရာလမြို့တော် ရှိ ဝန်ကြီးချုပ်ရုံးတွင် ကျင်းပခဲ့သည်။

  ဆော်လမွန်ကျွန်းစုဆိုင်ရာ တရုတ်သံအမတ်ကြီးလီမင်နှင့် ဆော်လမွန်ကျွန်းစု ကျန်းမာရေးဝန်ကြီး ထိုကြာမာနာတို့သည် ကာကွယ်ဆေး လွှဲပြောင်းပေးအပ်မှု သက်သေခံလက်မှတ် တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ဆော်လမွန်ကျွန်းစု ဝန်ကြီးချုပ် ဆော်ကြာဝါလေသည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။