马宁

ကန် ငွေကြေးပေါ်လစီ၏ ဂယက်ရိုက်ခတ်မှု မခံရဘဲ တရုတ် ငွေရေးကြေးရေးဈေးကွက် တည်ငြိမ်စွာလည်ပတ်

(GMT+08:00)2021-04-13 14:36:13  

  လွန်ခဲ့သည့်ရက်များတွင် အမေရိကန်၏ ငွေကြေးပေါ်လစီ အလားအလာဆိုင်ရာ ခန့်မှန်းချက်ကြောင့် ကမ္ဘာ့ငွေရေးကြေးရေးဈေးကွက်၊ အထူးသဖြင့် တက်သစ်စ စီးပွားရေးအုပ်စုများ၏ ငွေကြေးဈေးကွက်အခြေအနေ မတည်မငြိမ် ဖြစ်ခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်၍ တရုတ်ပြည်သူ့ဘဏ်မှ ငွေကြေးပေါ်လစီဦးစီးဌာန ဥက္ကဋ္ဌ စွမ်ကိုဖုန်းက ယမန်နေ့ ၁၂ ရက်နေ့က ကျင်းပခဲ့သောသတင်းစာရှင်းလင်းပွဲ၌ တရုတ်ပြည်၏ ငွေရေးကြေးရေး ဈေးကွက်သည် အမေရိကန်၏ ဂယက်ရိုက်ခတ်မှု မခံရဘဲ တည်ငြိမ်စွာ လည်ပတ်နေကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။