马宁

နိုင်ငံအသီးသီးတို့အနေနှင့် ကာကွယ်ဆေးထိုးနှံသည့်တစ်ချိန်တည်းတွင် လူထုကျန်းမာရေး ဆောင်ရွက်ချက် ကျင့်သုံးရန် သတိတရား မလျော့ပါးသင့်သည်ဟု WHO ပြော

(GMT+08:00)2021-04-13 14:35:37  

  ဧပြီလ ၁၂ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ၇၈၀ မီလီယံကို ထိုးနှံခဲ့သော်လည်း ယခု သီတင်းပတ် တစ်ပတ်အတွင်း ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူ ဦးရေသည် အဆက်မပြတ် တိုးမြင့်လာသေးသဖြင့် နိုင်ငံအသီးသီးတို့အနေနှင့် ကာကွယ်ဆေးကို မျှမျှတတ ထိုးနှံပေးသည်နှင့်တစ်ပြိုင်နက် လူထုကျန်းမာရေး ဆောင်ရွက်ချက် ကျင့်သုံးရန် သတိတရား မလျော့ပါးသင့်ကြောင်း ထုတ်ဖော်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။