马宁

ဂျပန်သည် နျူကလီးယား ရေညစ်များကို ပင်လယ်သို့ စွန့်ပစ်ရန် ဆုံးဖြတ်ခြင်းကိစ္စအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ထုတ်ပြန်ပြောဆို

(GMT+08:00)2021-04-13 14:38:27  

  ဧပြီလ ၁၃ရက်နေ့က ဂျပန်အစိုးရသည် ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ နျူကလီးယား ရေညစ်များကို ပင်လယ်သို့ စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုနေ့တွင်ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဂျပန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံနှင့် သက်ဆိုင်ရာဘက်အနေနှင့် တရုတ်နိုင်ငံသည် ယင်းကိစ္စအပေါ် အလွန်အာရုံစူးစိုက်နေသည်ဟု ပြောကြားကြောင်း China Media Group မှ သတင်းအရသိရပါသည်။

  ဂျပန်နိုင်ငံသည် လုံခြုံစွာ ကိုင်တွယ်ဖြေရှင်းရေး ဆောင်ရွက်ချက်များ ပြည့်ပြည့်စုံစုံ မလုပ်သေးသည့် အခြေအနေတွင် ပြည်တွင်းပြည်ပမှ ကန့်ကွက်မှုများကို လျစ်လျူရှုပြီး အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတကာမိသားစုကြီးနှင့် အပြည့်အဝညှိနှိုင်းဆွေးနွေးမှု မပြုလုပ်ဘဲ ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ နျူကလီးယား ရေညစ်ကို ပင်လယ်သို့ စွန့်ပစ်ရန် တစ်ဖက်သတ် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် အလွန် တာဝန်သိမှု မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါသည်။