邹立莹

လီခေ့ချန်သည် မွန်ဂိုးလီးယားဝန်ကြီးချုပ်နှင့် တယ်လီဖုန်း ဆက်သွယ်

(GMT+08:00)2021-04-08 15:55:09  

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်သည် ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက ဖိတ်ကြားချက်အရ မွန်ဂိုးလီးယား ဝန်ကြီးချုပ် အိုယွင်အေဒန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

လီခေ့ချန်က တရုတ်နိုင်ငံသည် မွန်ဂိုးလီးယားနိုင်ငံနှင့်  အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနှင့် အပြန်အလှန် တန်းတူရည်တူ အကျိုးရှိစေရေးကို ဆက်လက်စွဲကိုင်ဆောင်ရွက်မည်ဖြစ်ပြီး မဟာဗျူဟာ ကူးလူးဆက်ဆံရေးကို ထိန်းသိမ်းကာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်မည်ဖြစ်ပြီး အရေးကြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ ချောမောစွာဆောင်ရွက်ရန် အာမခံပေးရမည် ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ပြဿနာသည် နယ်စည်းမခြား ဖြစ်ပြီး တရုတ်နိုင်ငံသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် သဲမုန်တိုင်း ထိန်းချုပ်ကာကွယ်ရေး နယ်ပယ်များတွင် မွန်ဂိုးလီးယားနိုင်ငံနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်လိုကြောင်း ပြောကြား ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။