邹立莹

နမီးဘီးယားရှိ တရုတ်နိုင်ငံသားအားလုံး ကိုဗစ်-၁၉ကာကွယ်ဆေး ပထမဆုံးတစ်လုံးကို ထိုးနှံပြီးစီး

(GMT+08:00)2021-04-08 15:54:47  

ဧပြီလ ၇ရက်နေ့အထိ နမီးဘီးယားနိုင်ငံရှိ တရုတ်နိုင်ငံသားအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးတစ်လုံးကို ထိုးနှံပြီးပြီ ဖြစ်ကြောင်း၊ ၄င်းတို့သည် တရုတ်ကုမ္ပဏီဝန်ထမ်းများ၊ နမီးဘီးယားရောက် တရုတ် အနွယ်ဖွားများ၊ ဟောင်ကောင် ထိုင်ဝမ်မှ မွေးချင်းပေါက်ဖောက်များ ပါဝင်ကြောင်း ဆင်ဟွာ သတင်းဌာနက နမီးဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းရရှိခဲ့ပါသည်။

မတ်လ ၉ ရက်နေ့တွင် နမီးဘီးယားနိုင်ငံသည် တရုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၆မျိုးကို အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ပါသည်။ မတ်လ ၁၆ရက်နေ့က Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး နမီးဘီးယားသို့ ရောက်ရှိပြီး ချက်ချင်း အသုံးပြုခဲ့ပါသည်။ နမီးဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ညှိနှိုင်းမှုဖြင့် နမီးဘီးယား အစိုးရသည် နမီးဘီးယားရှိ တရုတ်နိုင်ငံသားများကို ဒေသခံကာကွယ်ဆေးထိုး စနစ်တွင် တည့်သွင်းပေးရန် သဘောတူခဲ့သည်ဟု သိရပါသည်။