邹立莹

တရုတ်ကိုဗစ်-၁၉ကာကွယ်ဆေးသည် နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးကို တွန်းအားပေး

(GMT+08:00)2021-04-08 15:56:26  

ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကိုတိုက်ဖျက်သည့် လက်နက်ဖြစ်ရုံသာမက အသက်ကို ကယ်ဆယ်သည့် မျှော်လင့်ချက်လည်း ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံသည် နိုင်ငံ ၈၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃ ခုကို ကာကွယ်ဆေးထောက်ပံ့ကူညီပြီး နိုင်ငံ ၄၀ ကျော်ကို ကာကွယ်ဆေး တင်ပို့ခဲ့ပါသည်။ ဒါ့အပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုဗစ်-၁၉ကာကွယ်ဆေး ဖေါ်ဆောင်ရေးစီမံကိန်းကို ပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အရေးပေါ်အသုံးပြုရန် ပထမသုတ်အနေနှင့် ကာကွယ်ဆေး သိန်း၁၀၀ ကို ဖြန့်ဖြူးသည်ဟု ရှင်းလင်းစွာ ကတိပြုထားသည်။ တရုတ်ကာကွယ်ဆေးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဖုန်းတိုးကျားသည် ယခုလ ၇ ရက်နေ့က အွန်လိုင်းတွင် ကျင်းပသော ကိုဗစ်-၁၉ကာကွယ်ဆေးနှင့် ကာကွယ်ဆေးလုပ်ငန်းနိုင်ငံတကာဖြစ်စေရေး နှီးနှောဖလှယ်ပွဲတွင် တရုတ်ကိုဗစ်-၁၉ကာကွယ်ဆေး ပြည်ပသို့တင်ပို့ခြင်းသည် တစ်ကမ္ဘာလုံးကပ်ရောဂါတိုက်ဖျက်ရေးကို တွန်းအားပေးပြီး ကာကွယ်ဆေး လုပ်ငန်းဖွံ့ဖြိုးရေးအတွက် အရေးကြီးသောအဓိပ္ပါယ်ပါရှိကြောင်း ပြောကြားပါသည်။