邹立莹

ယူနန်ပြည်နယ် ရွှေလီမြို့တွင် မြို့သူမြို့သားအားလုံး ဒုတိယအကျော့ nucleicacid တိုင်းတာစစ်ဆေးမှု ပြီးမြောက်၊ လူ၃သိန်း၅သောင်း၃ထောင် ပါဝင်

(GMT+08:00)2021-04-08 15:55:28  

ယူနန်ပြည်နယ် ရွှေလီမြို့တွင် ဧပြီလ၇ရက်နေ့ညက သတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ထိုနေ့ညနေ၆နာရီအထိ ရွှေလီမြို့တွင် မြို့သူမြို့သားအားလုံး ဒုတိယအကျော့ nucleicacid တိုင်းတာစစ်ဆေးမှုကို လုပ်ဆောင်ပြီးစီးပြီဖြစ်ပြီး လူဦးရေစုစုပေါင်း ၃၅၃၉၆၀ကို nucleic acid samples ယူပြီး ၁၈၅၉၇၉ဦးကို nucleic acid တိုင်းတာစစ်ဆေးခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

လက်ရှိအချိန်တွင် ရွှေလီမြို့ နေ့စဉ်သုံးကုန်ပစ္စည်းများ ဖူလုံစွာဖြန့်ဖြူးပေးနေပြီး ဆန်၊ ဂျုံမှုန့်၊ ခေါက်ဆွဲ၊ စားသုံးဆီ၊ ကြက်ဥ၊ ရေသန့်၊ နွားနို့နှင့် အသား စသောကုန်ပစ္စည်းများသည် ရွှေလီမြို့သူမြို့သားအားလုံး၏ နေ့စဉ်လိုအပ်ချက်ဖြည့်ဆည်းနိုင်သည်ဟု သတင်းရရှိပါသည်။