邹立莹

တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီပေးသော ကိုဗစ်-၁၉ကာကွယ်ဆေး ဆာဗာဒိုသို့ ပို့ဆောင်

(GMT+08:00)2021-04-08 16:52:19  

တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီပေးသော Sinovac ကိုဗစ်-၁၉ကာကွယ်ဆေးကို ၆ရက်နေ့ညက ဆာဗာဒိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့သည်။ ဆာဗာဒို ဆိုင်ရာ တရုတ်သံအမတ်ကြီးအိုးကျန့်ဟုန်၊ ဆာဗာဒို ကျန်းမာရေးဝန်ကြီး အာလာဘီတို့သည် လေဆိပ်၌ ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဆာဗာဒိုသမ္မတဘူကေလ်က တရုတ်နိုင်ငံခေါင်းဆောင်နှင့် တရုတ်ပြည်သူများမှ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ထောက်ပံ့မှုများကို ကျေးဇူးတင်ရှိကြောင်း ၆ရက်နေ့ညက လူမှုကွန်ရက်မှတစ်ဆင့် ဖော်ပြခဲ့ပါသည်။ ယခုနှစ် ဖေဖေါ်ဝါရီလက ဆာဗာဒို၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ် စတင်ခဲ့ပြီး မတ်လ ၂၈ရက်နေ့က ဆာဗာဒိုအစိုးရ ဝယ်ယူသော ပထမအသုတ် တရုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆာဗာဒိုသို့ ပို့ဆောင်ခဲ့ပါသည်။