邹立莹

ဂျီ၂၀ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ တစ်ကမ္ဘာလုံးစီးပွားရေး ပြန်လည် ရှင်သန်စေရေးအတွက် ငွေကြေးထောက်ပံ့မှုကို ဆက်လက်ဆောင်ရွက်ပေးရန် ပန်ကြား

(GMT+08:00)2021-04-08 16:51:35  

ဒေသစံတော်ချိန် ဧပြီလ ၇ရက်နေ့က ဂျီ၂၀ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးကို ရောမမြို့၌ ကျင်းပပြီးစီးခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးသည် အီတလီနိုင်ငံက ဂျီ၂၀ အလှည့်ကျသဘာပတိနိုင်ငံအဖြစ် ထမ်းဆောင်ခဲ့ ပြီးနောက် ဒုတိယအကြိမ် ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး ဖြစ်ပါသည်။ ဘက်အသီးသီးတို့သည် နိုင်ငံတကာ အကောက်ခွန်စနစ် ပြုပြင်ပြောင်းလဲရေး၊ ရာသီဥတုပြောင်းလဲရေး နှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး စသော ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောတူညီမှုရရှိခဲ့သည်။ ဘက်အသီးသီးတို့သည် တစ်ကမ္ဘာလုံး စီးပွားရေး အဓိကစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးအတွက် ဆက်လက်အားဖြည့် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီချက်ရရှိကြ၍ ကိုဗစ်-၁၉ရောဂါအပြီး တစ်ကမ္ဘာလုံးစီးပွားရေး ပြန်လည်ရှင်သန်စေရေးအတွက် ငွေကြေးထောက်ပံ့မှုကို ဆက်လက် ဆောင်ရွက်ပေးရေးကို သဘောတူညီချက်ရရှိကြသည်ဟု အစည်းအဝေး အပြီး ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။