邹立莹

BBC က ရှင်းကျန်းမှာ ပုံမှန်ရိုက်ကူးရေးလုပ်ခဲ့ပေမယ့် ရှင်းပြတဲ့စာသားကတော့ အဓိပ္ပါယ် လုံးဝ ပြောင်းပြန်ဖြစ်

(GMT+08:00)2021-04-08 15:55:59  

မကြာခင်က ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြန်ကြားရေးဌာနမှ ဒုဥက္ကဋ္ဌရွှီကွေ့ရှန်က

CGTN သတင်းထောက်လျိုရှင်းနဲ့ တွေ့ဆုံတဲ့အခါမှာ ရှင်းကျန်းကို လာလည်ဖို့ ဖိတ်ခေါ်ခြင်းမူဝါဒကို ကျင့်သုံးခြင်းဖြင့် နိုင်ငံခြားသတင်းထောက်များ ရှင်းကျန်းမှာ သတင်းယူဖို့ ကြိုဆိုကာ မိမိ ကိုယ်တိုင်လည်း BBC က သတင်းထောက်အဖွဲ့ကိုလက်ခံပြီး သူတို့ရဲ့ မေးမြန်းချက်ကို ဖြေကြား ခဲ့ပါတယ်။ သို့သော် နောက်ဆုံးထုတ်လွှင့်သော အစီအစဉ်တွင် အဓိပ္ပါယ်လုံးဝပြောင်းပြန် ဖြစ်တယ်လို့ ပြောကြားပါတယ်။

BBCရဲ့အဲဒီ့အစီအစဉ်မှ ထုတ်လွှင့်ချက်ဟာ အသက်မွေးပညာသင်စင်တာက ပုံမှန် ရိုက်ကူးထားတဲ့ရုပ်ပုံပြကွက်တွေဖြစ်ပေမယ့် ရှင်းပြတဲ့စာသားကတော့ အဓိပ္ပါယ် လုံးဝ ပြောင်းပြန်ဖြစ်ကြောင်း၊ ဒါဟာ ပရိသတ်တွေကို လိမ်တာဖြစ်ပြီး အဖြစ်မှန်နဲ့ လုံးဝမကိုက်ညီကြောင်း ရွှီကွေ့ရှန်က ပြောကြား ပါတယ်။