邹立莹

အမေရိကန်၏လူ့အခွင့်အရေး ကျူးလွန်ထိပါးမှုဆိုင်ရာ ပြစ်မှုကြီး ငါးရပ်ကို ကျောက်လိကျန်းက တင်ပြ

(GMT+08:00)2021-04-08 15:53:17  

ယခုလ ၇ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်ရှင်းကျန်း လူ့အခွင့်အရေး အခြေအနေအပေါ် အမေရိကန်၏ မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်းကို ထပ်မံ ချေပခဲ့ပြီး အမေရိကန် အနေနှင့် မိမိနိုင်ငံအတွင်းရှိသော ပြင်းထန်ဆိုးဝါးသော လူ့အခွင့်အရေး ပြဿနာများကို စစ်ဆေးရန် တိုက်တွန်းကြောင်းလည်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ကျောက်လိကျန်းက လူ့အခွင့်အရေးနယ်ပယ်တွင် အမေရိကန်နိုင်ငံသည် ကိုလိုနီဝါဒ၊ လူမျိုးခွဲခြားရေးဝါဒ၊ အခြားနိုင်ငံများ၌ ဆူပူရှုပ်ထွေးမှု ဖြစ်အောင် လုပ်ခြင်း၊ ဝင်ရောက်စွက်ဖက်ရေးဝါဒ၊ စံနှစ်မျိုးထားခြင်း အပါအဝင် ပြစ်မှုကြီး ငါးရပ် ရှိသည်ဟုလည်း ပြောကြားပါသည်။