邹立莹

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ရုရှားနိုင်ငံအား အွန်လိုင်းမိတ်ဆက်ပွဲ သီးသန့် ကျင်းပ

(GMT+08:00)2021-04-08 15:54:32  

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ယခုလ ၇ရက်နေ့တွင် ရုရှားနိုင်ငံအား အွန်လိုင်းမိတ်ဆက်ပွဲကို သီးသန့် ကျင်းပခဲ့ပါသည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဥရောပနှင့် အာရှဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် လျူရွှေစွန်က ၂၀၂၁ခုနှစ် ပထမ ၂လအတွင်း တရုတ်-ရုရှား ကုန်သွယ်ရေးပမာဏသည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၈.၅ ရာခိုင်နှုန်း တိုးလာပြီး တစ်နှစ်တာလုံး ကုန်သွယ်ရေးပမာဏသည် သမိုင်း စံချိန်သစ် တင်နိုင်ဖွယ်ရှိကြောင်း၊ ရုရှားဘက်အနေဖြင့် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် တက်ကြွစွာပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် စွန်းချင်ဟိုင်က တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို ၃နှစ်ဆက်တိုက် အောင်မြင်စွာ ကျင်းပခဲ့ပြီး ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားသည့် ရှေ့ပြေး ကုန်စည်ပြပွဲတစ်ခုဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့မှ ၁၀ရက်နေ့အထိ ရှန်ဟိုင်းတွင် ကျင်းပမည်ဖြစ်ပြီး သက်ဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ စနစ်တကျဆောင်ရွက်နေသည်ဟု သိရပါသည်။