辛甜

ဗီယက်နမ်နိုင်ငံ ဒုဥက္ကဋ္ဌ အဖြစ် ဗိုသီအန်ရွှန်း ရွေးချယ်ခံရခြင်းအပေါ် ဝမ်ချီရှန်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2021-04-07 12:33:59  

ဧပြီလ ၆ရက်နေ့က ဗီယက်နမ်နိုင်ငံ ဒုဥက္ကဋ္ဌအဖြစ် ဗိုသီအန်ရွှန်း ရွေးချယ်ခံရခြင်းအပေါ် တရုတ် နိုင်ငံတော် ဒုဥက္ကဋ္ဌ ဝမ်ချီရှန်းက ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ဝမ်ချီရှန်းက မိမိသည် ဒုဥက္ကဋ္ဌ ဗိုသီအန်ရွှန်းနှင့် လက်တွဲပြီး နှစ်နိုင်ငံနှင့် နှစ်ပါတီ ထိပ်သီးခေါင်းဆောင်များ၏ ညွှန်ကြားချက်အရ တရုတ်-ဗီယက်နမ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်တိုက် တွန်းအား ပေးလိုကြောင်း၊ နှစ်နိုင်ငံ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး တိုးတက်မှုအတွက် အကျိုးပြု စွမ်းဆောင်လိုကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။