辛甜

ဆင်းရဲမှုလျှော့ချရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများသည် အာဖရိကနိုင်ငံများကို ကိုးကားဖွယ်ရာများ ဖန်တီးပေးသည်ဟု ဇင်ဘာဘွေ ပညာရှင်များ ဆို

(GMT+08:00)2021-04-07 11:54:32  

ဆင်းရဲမှုလျှော့ချရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများသည် အာဖရိကနိုင်ငံများကို ကိုးကားဖွယ်ရာများ ဖန်တီးပေးသည်ဟု ဇင်ဘာဘွေ ပညာရှင်များ ဆို_fororder_0407-1.JPG

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ယခုလ ၆ ရက်နေ့က လူသားများ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းတွင် တရုတ်နိုင်ငံ၏ လက်တွေ့ ဆောင်ရွက်မှု စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံများစွာမှ ပုဂ္ဂိုလ်များက စက္ကူဖြူစာတမ်းကို ချီးကျူးပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းတွင် သမိုင်းဝင်အောင်မြင်မှုများ ရရှိခြင်းသည် နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြု စွမ်းဆောင် ပေးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။
   ဇင်ဘာဘွေနိုင်ငံ တရုတ်-အာဖရိက စီးပွါးရေး ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး သုတေသနစင်တာမှ သုတေသီ ရူရှမ်ဘဝါက ဆင်းရဲမှုလျှော့ချရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများသည် အာဖရိကနိုင်ငံများကို ကိုးကားဖွယ်ရာများ ဖန်တီးပေးကြောင်း ပြောကြားပါသည်။