辛甜

အီရန်အပေါ် တရားမဝင် အရေးယူပိတ်ဆို့မှုမှန်သမျှကို ကန် ဖျက်သိမ်းသင့်သည်ဟု တရုတ်ဆို

(GMT+08:00)2021-04-07 12:39:36  

ဧပြီလ ၆ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမုန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်သည် အီရန်နျူကလီးယားပြဿနာဆိုင်ရာ ဘက်စုံသဘောတူစာချုပ်သို့ ခြွင်းချက်မရှိပြန်လည်ပါဝင်ပြီး အီရန်အပေါ် တရားမဝင် အရေးယူပိတ်ဆို့မှု မှန်သမျှကို ဖျက်သိမ်းသင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် အီရန် နျူကလီးယား အခြေအနေသည် သော့ချက်ကျသော အဆင့်ကာလ၌ တည်ရှိနေကြောင်း၊ အမေရိကန်နှင့်အီရန်တို့ စာချုပ် အတိုင်း ပြန်လည် ဖေါ်ဆောင်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး ဘက်အသီးသီးတို့ အမြန်ဆုံး သဘောတူညီမှု ရရှိနိုင်ရန် မျှော်လင့်ကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။