辛甜

ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo ထံသို့ ၀မ်းနည်းကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2021-04-07 11:31:51  

အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တောင်ကျရေစီးမှုနှင့် မြေပြိုကျမှုအပေါ် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၆ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံသမ္မတJoko Widodo ထံသို့ ၀မ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ ခဲ့သည်ဟုChina Media Group မှ သတင်းအရသိရသည်။

ထိုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က မိမိအနေနှင့်၎င်း တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ ကိုယ်စား၎င်း သေဆုံးသူများအပေါ် ဝမ်းနည်းကြေကွဲကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများအပေါ် စိတ်ရင်းသန့်သန့်ဖြင့် စာနာနှစ်သိမ့်ပါကြောင်း ရေးသားဖော်ပြသည်ဟု သတင်းအရသိရသည်။