辛甜

လာအိုနိုင်ငံတော်ပြန်လည်ရှင်သန်ရေးတပ်ပေါင်းစု ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသော Sinlavong အား ဝမ်ယန် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2021-04-07 13:17:50  

ဧပြီလ ၆ ရက်နေ့က တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ယန်သည် လာအို နိုင်ငံတော်ပြန်လည်ရှင်သန်ရေး တပ်ပေါင်းစု ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသော Sinlavong အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။
ဝမ်ယန်က တရုတ်-လာအို တောတောင်ရေမြေချင်းဆက်စပ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာ သက်တမ်းကြာမြင့်ပါကြောင်း၊ နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ထားရှိခဲ့သည့် နှစ်၆၀အတွင်း နှစ်ဖက်တို့၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် တရုတ်-လာအို ဆက်ဆံရေး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာပြီး တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာ ကော်မတီနှင့် လာအိုနိုင်ငံတော် ပြန်လည်ရှင်သန်ရေး တပ်ပေါင်းစု ဗဟိုကော်မတီတို့ အကြား ကူးလူးဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှု တစ်နေ့တခြား အားကောင်း လာကြောင်း၊ မိမိအနေနှင့် ဥက္ကဋ္ဌ Sinlavongနှင့်အတူ နှစ်ပါတီ၊နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ပြီး နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်ရေး အရည်အချင်းကို တိုးမြှင့်ကာ တရုတ်-လာအိုချစ်ကြည်ရေးအစဉ်အလာ တိုးတက်စေရေးနှင့် တရုတ်-လာအို ကံကြမ္မာ အသိုက်အဝန်း ထူထောင်ရေးအတွက် အကျိုးပြု စွမ်းဆောင်မှုသစ် ဆောင်ရွက်လိုကြောင်းဖေါ်ပြထားပါသည်။