辛甜

၂၀၂၁ ခုနှစ်တွင် တရုတ်စီးပွားရေး တိုးတက်မှုနှုန်း ၈.၄ ရာခိုင်နှုန်း ရှိလာမည်ဟု ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ခန့်မှန်း

(GMT+08:00)2021-04-07 11:46:34  

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ယခုလ ၆ ရက်နေ့က “ကမ္ဘာ့စီးပွားရေး မျှော်မှန်းချက် အစီရင်ခံစာ”ကို ထုတ်ပြန်ရာတွင် ၂၀၂၁ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ရှိမည်ဖြစ်ပြီး တရုတ်စီးပွားရေးတိုးတက်မှုနှုန်း ၈.၄ ရာခိုင်နှုန်း ရှိမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး စီးပွားရေးအုပ်စုများ စီးပွားရေးတိုးတက်မှုနှုန်း ၅.၁ ရာခိုင်နှုန်း ရှိမည် ဖြစ်ပြီး ထွန်းသစ်စ ဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲစီးပွားရေးအုပ်စုများ စီးပွားရေး တိုးတက်မှုနှုန်း ၆.၇ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပါသည်။

“ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာ” တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု အလားအလာတွင် မတည်ငြိမ်ဖွယ်ရာ များပြားသေးကာ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေနှင့် မူဝါဒဆောင်ရွက်ချက်များ၏ အကျိုးဖြစ်ထွန်းမှု အပေါ် အခြေခံရမည် ဖြစ်သည်ဟုလည်း ဖေါ်ပြထားကြောင်း China Media Group မှ သတင်းအရသိရပါသည်။