辛甜

ပုတ်ခတ်ပြောဆိုခြင်းကို ရှောင်ရှားနိုင်ရန် ကိုဗစ်-၁၉ ဗိုင်းရပ်စ်နှင့် ပတ်သက်သော နာမည်မှည့်နည်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်မည်

(GMT+08:00)2021-04-07 13:26:58  

ပုတ်ခတ်ပြောဆိုခြင်းကို ရှောင်ရှားနိုင်ရန် ကိုဗစ်-၁၉ ဗိုင်းရပ်စ်နှင့် ပတ်သက်သော နာမည်မှည့်နည်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်မည်_fororder_0407-4

ဒေသစံတော်ချိန် ဧပြီလ ၆ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကိုဗစ်-၁၉ ဆိုင်ရာ ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ် ကျန်းမာရေး လုပ်ငန်းစဉ်နည်းပညာ တာဝန်ခံ မာလီယာက်ဟိုဗ်က နေရာတစ်ခုခု၏အမည်ကို ဗိုင်းရပ်စ်၊ ရောဂါ သို့မဟုတ် ရောဂါပိုး၏ နာမည်အစိတ်အပိုင်း အဖြစ် မတပ်သင့်ကြောင်း၊ လူပုဂ္ဂိုလ်၊ မျိုးရိုးနာမည် သို့မဟုတ် နေရာနာမည် အပေါ် ပုတ်ခတ်ပြောဆိုခြင်းကို ရှောင်ရှားနိုင်ရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်နှင့် ပတ်သက်သော နာမည်မှည့်နည်းကို သိပ္ပံပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနေပြီး မကြာမီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။