辛甜

လူ့အခွင့်အရေး ထိန်းသိမ်းစောင့်ရှောက်ရေး ကတိပြုချက်ကို အမေရိကန် လက်တွေ့ ဖော်ဆောင်ရန် တရုတ် မျှော်လင့်

(GMT+08:00)2021-04-07 13:15:33  

အမေရိကန်၌ လူမျိုးခွဲခြားရေးဝါဒသည် ဘက်စုံ၊ စနစ်တကျ၊ ဆက်တိုက် တည်ရှိနေကြောင်း၊ အမေရိကန်အနေနှင့် လူ့အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ကတိပြုချက်ကို အမှန်တကယ် အကောင်အထည်ဖော်ရန်၊ အာရှအနွယ်ဖွားများ အပါအဝင် လူနည်းစုလူမျိုးများကို ရည်ရွယ်သော လူမျိုးခွဲခြား အထင်သေးမှုနှင့် မုန်းတီး အကြမ်းဖက်မှု လုပ်ရပ်များကို တင်းတင်းကျပ်ကျပ် တိုက်ဖျက်ရန်၊ လူနည်းစုလူမျိုးများ၏ အခွင့်အရေးအသီးသီးကို လက်တွေ့ကျကျ ထိန်းသိမ်းရန်နှင့် လူနည်းစုလူမျိုးများအား လူမျိုး ခွဲခြားအထင်သေးမှုနှင့် မုန်းတီး တိုက်ခိုက်မှုများမှ ကင်းရှင်းစေရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၆ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။