马宁

တရုတ်ကာကွယ်ဆေး ပါကစ္စတန် နှင့် သီရိလင်္ကာသို့ ပို့ဆောင်

(GMT+08:00)2021-04-02 17:37:33  

  မတ်လ ၃၀ရက်နေ့က ပါကစ္စတန်နိုင်ငံသည် ပထမအသုတ် CanSinoကိုဗစ်-၁၉ ကာကွယ်ဆေး ၆သောင်းကို လက်ခံရရှိပြီဖြစ်ကြောင်း၊ တူရကီ Anadolu သတင်းဌာနမှ သတင်းကို ကိုးကား၍ China Media Groupက ရေးသားဖော်ပြပါသည်။

  မတ်လ ၃၁ ရက်နေ့က သီရိလင်္ကာ သမ္မတ ဂိုတာဘာယာသည် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချစ်ကျိန့်ဟုန်နှင့်အတူ Sinopharmထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆီးကြိုရန် လေဆိပ်သို့ ရောက်ရှိခဲ့ကြကြောင်း APသတင်းဌာနမှ သတင်းကို ကိုးကား၍ China Media Groupက ရေးသားဖော်ပြပါသည်။