马宁

တရုတ်၊အာရပ်စော်ဘွားများနိုင်ငံတို့သည် ကျန်းမာရေးQRကို အပြန်အလှန် အသိအမှတ် ပြုရန် သဘောတူညီ

(GMT+08:00)2021-03-31 22:11:31  

  ဒေသစံတော်ချိန် ၂၈ရက်နေ့က Abu Dhabi၌ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် အာရပ်စော်ဘွားများနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အာပူတူရာတို့သည် တွေ့ဆုံပွဲကို ကျင်းပခဲ့ပြီး ကျန်းမာရေး QR အပြန်အလှန် အသိအမှတ်ပြုရေးနှင့် ပတ်သက်၍ မူဝါဒဆိုင်ရာသဘောတူညီမှု ရရှိခဲ့ကြပါသည်။

  တရုတ်ဘက်သည် အခြေအနေပြည့်စုံပြီး ဆန္ဒရှိသောနိုင်ငံများ၌ “နွေဦးပျိုးပင် ဆောင်ရွက်ချက်” ကာကွယ်ဆေး ထိုးနှံရေးစခန်းကို ထားရှိပြီး အနီးတစ်ဝိုက်ရှိ တရုတ်နိုင်ငံသားများအား တရုတ်ကာကွယ်ဆေး ထိုးနှံရန် မျှော်လင့်ကြောင်း၊ ဝမ်ယိက ပြောကြား၍ အာပူတူရာက ထောက်ခံကြောင်း ပြောကြားပါသည်။