辛甜

ရှီကျင့်ဖိန်သည် ဖူကျန့်တွင် လေ့လာကြည့်ရှု

(GMT+08:00)2021-03-24 12:28:01  

ရှီကျင့်ဖိန်သည် ဖူကျန့်တွင် လေ့လာကြည့်ရှု_fororder_0324-8

မတ်လ ၂၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ        အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဖူကျန့်ပြည်နယ်တွင် ဆက်လက် လေ့လာကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်က စန်မင်မြို့ ဆားရှန့်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၊ ဆားရှန့် နာမည်ကြီး စားကောင်းသောက်ဖွယ်ရာရွာ ဖြစ်သည့် ယူပေါင်းရွာ၊ ဆားရှန့် ကျေးလက်အိမ်ခြံမြေ ရောင်းဝယ်ရေး စင်တာကို သွားရောက်ကြည့်ရှုပြီး ဒေသခံ ကျန်းမာရေးနှင့် ဆေးဝါးကုသရေးစနစ် ပြုပြင် ပြောင်းလဲရေးအခြေအနေ၊ ကျေးလက်ဒေသ ရှင်သန်မှု တွန်းအားပေးရေး အခြေအနေနှင့် သစ်တောပိုင်ဆိုင်မှုစနစ် ပြုပြင်ပြောင်းလဲရေးအခြေအနေကို လေ့လာ ကြည့်ရှုခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။