邹立莹

နှစ် ၄၀ ကျော်ကြာ တရုတ်ပြည် စီးပွားရေးဆက်တိုက်ဖွံ့ဖြိုးမှုသည် ဆင်းရဲမှုပပျောက်ရေး အောင်မြင်မှုအတွက် အခြေခံအုတ်မြစ် ချပေးခဲ့ဟု ရုရှားပညာရှင် ဆို

(GMT+08:00)2021-02-26 13:50:45  

ယခုလ ၂၅ ရက်နေ့က ကျင်းပသည့် ပြည်လုံးဆိုင်ရာဆင်းရဲမှုပပျောက်ရေး ချီးမြှင့်ပွဲ၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းသည် ဘက်စုံအောင်မြင်မှုရရှိပြီ ဖြစ်ကြောင်း၊ ဒေသအလိုက် ဆင်းရဲမှု တစ်ခုလုံး ပပျောက်ပြီဖြစ်ကြောင်း တည်ကြည်လေးနက်စွာ ကြေညာခဲ့သည်။

ရုရှားနိုင်ငံ သိပ္ပံပညာအသင်း အရှေ့ဖျားဒေသ သုတေသနဌာနဥက္ကဋ္ဌ Alexey Maslov က China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် နှစ် ၄၀ ကျော်ကြာ တရုတ်ပြည် စီးပွားရေးဆက်တိုက်ဖွံ့ဖြိုးမှုသည် ဆင်းရဲမှုပပျောက်ရေး အောင်မြင်မှု အတွက် ကောင်းမွန်သော အခြေခံအုတ်မြစ် ချပေးခဲ့ကြောင်း၊ နောက်နောင်တွင် တရုတ်ပြည်စီးပွားရေးသည် ပိုမိုမြင့်မားသော ရည်မှန်းချက်ပန်းတိုင်သို့ ချီတက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။