邹立莹

တရုတ်နိုင်ငံဆင်းရဲမှုပပျောက်ရေး အံ့ဖွယ်ရာ၏ ကုတ်နံပတ်ကို ဖေါ်ထုတ်

(GMT+08:00)2021-02-26 13:35:25  

ယခုလ ၂၅ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ အလွန်အမင်းဆင်းရဲမှု ပပျောက်ရေးတာဝန် ပြီးမြောက်ကြောင်း တည်ကြည်လေးနက်စွာ ကြေညာ ခဲ့ပါသည်။

ထိုနေ့က ထုတ်ပြန်သော အရေးကြီးမိန့်ခွန်းတွင် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံဆင်းရဲမှု ပပျောက်ရေးအတွက် လျှောက်လှမ်းခဲ့သော ထူးချွန်မွန်မြတ်သော ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ပြီး စွဲကိုင်မှု ၇ ခုနဲ့ တရုတ်နိုင်ငံဆင်းရဲမှုမှ ရုန်းထွက်သော အရေးကြီးအတွေ့အကြုံနှင့် သိရှိ နားလည်မှုကို နက်ရှိုင်းစွာ ပေါင်းရုံးသုံးသပ်ကာ ကမ္ဘာအား တရုတ်အံ့ဖွယ်ရာ နောက်ကွယ်က ကုတ်နံပါတ်ကို ဖေါ်ထုတ်ခဲ့သည်။ ယင်းအနက် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကိုစွဲကိုင်ခြင်း၊ ပြည်သူများကို အမြုတေအဖြစ်ထားသော ဖွံ့ဖြိုးမှုအတွေးအခေါ်ကို စွဲကိုင်ခြင်း၊ ဆိုရှယ်လစ်စနစ်၏ အင်အားပေါင်းပြီး ကိစ္စကြီး လုပ်ဆောင်သော အားသာချက်ကို စွဲကိုင်ခြင်းတို့သည် ပြင်ပကအာရုံစူးစိုက်မှု ဖြစ်ပါသည်။