邹立莹

ဝမ်ယိသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးS. Jaishankarနှင့် တယ်လီဖုန်းဆက်သွယ်

(GMT+08:00)2021-02-26 13:33:19  

ဖေဖော်ဝါရီ ၂၅ ရက်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankarနှင့်တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။

ဝမ်ယိက လွန်ခဲ့သည့်နှစ် တရုတ်နှင့် အိန္ဒိယ နယ်စပ်ဒေသ ဖြစ်စဉ်ဖြစ်ရပ်များ ရှင်းလင်းပြတ်သားပြီး သင်ခန်းစာယူသင့်ကြောင်း၊ ယခုလောလောဆယ်တွင် အိန္ဒိယ၏ တရုတ်ပြည်ရေးရာ မူဝါဒများ ယိမ်းခါ နောက်ဆုတ်သဖြင့် နှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက် ဂယက် ရိုက်ခတ်ခဲ့၍ ယင်းသည် နှစ်ဖက်တို့၏ အကျိုးစီးပွါးနှင့် မကိုက်ညီကြောင်း၊ အငြင်းပွါးမှု တိုးပွါးခြင်းသည် ပြဿနာ ဖြေရှင်းရေးအတွက် အကျိုးရှိမည်မဟုတ်ဘဲ အပြန်အလှန် ယုံကြည်မှု၏ အခြေခံကိုလည်း ထိပါးစေမည် ဖြစ်ကြောင်း ပြောကြားပါသည်။