邹立莹

RCEP မူရင်းကုန်ထွက်ရာဒေသဆိုင်ရာ စည်းမျဉ်းများ အာဏာဖြစ်တည်စေရန် တရုတ်အကောက်ခွန်ဌာန တက်ကြွစွာ တွန်းအားပေး

(GMT+08:00)2021-02-26 13:35:43  

ယမန်နှစ် နိုဝင်ဘာလက ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက် ဆက်ဆံမှု သဘောတူ စာချုပ် RCEP ကို တရားဝင် ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်သည် လက်ရှိအချိန်အထိ တရုတ်ပြည်မှ ချုပ်ဆိုထားသည့် လူဦးရေအများဆုံး၊ အဖွဲ့ဝင်ဖွဲ့စည်းပုံအများဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာအကောင်းဆုံးသော လွတ်လပ်သော ကုန်သွယ်ရေးဇုန် စာချုပ် ဖြစ်သည်။ တရုတ်အကောက်ခွန်ဌာနချုပ် အခွန်စည်းကြပ်ရေးဦးစီးဌာနမှ တာဝန်ခံက လက်ရှိအချိန်တွင် တရုတ်အကောက်ခွန်ဌာနချုပ်သည် RCEPမူရင်း ကုန်ထွက်ရာ ဒေသဆိုင်ရာ စည်းမျဉ်းနှင့် အခွန်လျှော့ချမှု ဘက်စုံကျင့်သုံးရန် တက်တက်ကြွကြွ တွန်းအားပေးနေကြောင်း ယခုလ ၂၅ ရက်နေ့က ပီကင်းတွင် ပြောကြားခဲ့သည်ဟု China   Media Group မှ သတင်းအရသိရသည်။